
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ (၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့လုပ် ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမျိုးမင်းက ကော့မှူးမြို့နယ် စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါကြောင်း မြို့နယ်တွင် အခွန် နှုန်းတိုးမြှင့်ခြင်းမရှိဘဲ အခွန်ဧရိယာ ချဲ့ထွင်နိုင်ရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ ရသင့်ရ ထိုက်သည့် အခွန်အကောက်များ ရရှိစေရေးနှင့် တိုးတက်စေရေး ဆောင်ရွက်သွားရန် (၇/၂၀၂၅) ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သတ်၍ သတ်မှတ်ပေးပို့ရမည့် အင်အားအတိုင်း ပြည့်မီ ရေးနှင့် ဥပဒေ၊ နည်းဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်ရေး၊ မြို့နယ်မော်တော်ယာဉ်လိုင်း ကြီးကြပ်မှုကော်မတီအား ဥပဒေညွှန်ကြားချက်များနှင့်အညီ ဖွဲ့စည်းနိုင်ရေး စသည့်အကြောင်း အရင်းများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဖြိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးလှမင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး မောင်မောင်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)