Main menu

တောင်ငူခရိုင် ဖြူးမြို့မှ ဝက်ဆီဖတ်လုပ်ငန်း

Powered by Drupal

              တောင်ငူခရိုင်၊ ဖြူးမြို့၊ ဖြူးအရှေ့ရပ်ကွက် ကိုထွန်းထွန်း+မမိုးပပ ဝက်ဒိုင်လုပ်ငန်းမှ ဝက်ဆီဖတ်ကြော်များ ထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။ ၎င်းဝက်ဒိုင်မှ ဝက်ပေါ်ပြီး အသား၊ အဆီ နှင့် ကလီစာများအား ဖြူးမြို့ စည်ပင်သာယာဈေးတွင် ရောင်းချပြီး ရောင်းမရသည့် အခေါက်ထူနှင့် ကျန်အစိတ်အပိုင်းများကို ဝက်ဆီဖတ် ပြုလုပ်၍ ပြန်လည်ထုပ်ပိုးရောင်းချပါသည်။

              တစ်လလျှင် ပျှမ်းမျှ ဝက်ဆီဖတ်ပိဿာ ၆၀ ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ဝက်ဆီဖတ် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရောင်းချရကြောင်း၊ ဝက်ဆီဖတ်များကို ဖြူးမြို့ စည်ပင်သာယာဈေး တွင် ရောင်းချလျှက်ရှိပြီး ၎င်းဝက်ဒိုင်တွင်လည်း မှာယူနိုင်ကြောင်း ဝက်ဒိုင်ပိုင်ရှင် မမိုးပပက ပြောပါ သည်။ ၎င်းဝက်ဒိုင်သည် မိရိုးဖလာလုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)