Main menu

သံချောင်းလုံး၊ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးကွက်

Powered by Drupal

            မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဈေးကွက်၌ ဩဂုတ်လ ပထမပတ်တွင် သံချောင်းလုံး ဈေးနှုန်းနှင့် ဘိလပ်မြေဈေးနှုန်းများ အတက်အကျရှိကြောင်း သိရှိရသည်။သံချောင်းလုံး ၃မူး တစ်တန် ကျပ် ၁၃၆၀၀၀၀၊ ၅ မူးတစ်တန် ကျပ် ၁၂၈၀၀၀၀ ၊ ၆ မူး တစ်တန် ကျပ် ၁၃၆၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင် တစ်အိတ် ကျပ် ၇၀၀၀၊ အပါချီ တစ်အိတ် ကျပ် ၇၀၀၀၊ Crown တစ်အိတ် ကျပ် ၇၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များမှ စုံစမ်းသိရှိရသည်။

          မုံရွာမြို့ရှိ ဓာတ်မြေဩဇာဈေးကွက်မှာမူ ပြန်လည်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခု ဩဂုတ်လပထမပတ်တွင် အာမို (၁၅:၁၅:၁၅)၅၀kgပါ တစ်အိတ် ကျပ် ၁၁၂၀၀၀၊ နိုက်ထရိုဖော်စကာ(ဩဘာ) ၅၀kg တစ်အိတ်ကျပ် ၁၁၅၀၀၀ နှင့် ပန်းဖူး(ရွှေပျား)၅၀kgပါ တစ်အိတ် ကျပ် ၁၁၀၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ယခင် အပတ်ထက် သံချောင်းလုံးတစ်တန် ကျပ် ၂၀၀၀၀၀ ကျပ်ဈေးနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းမှာ တစ်အိတ် ကျပ် ၁၀၀၀၀ ဈေးမြင့်တက်ခဲ့ပြီး၊ ဘိလပ်မြေတစ်အိတ် ဈေးနှုန်းမှာ အပြောင်းအလဲမရှိ တည်ငြိမ်လျက် ရှိကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်နှင့် စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)