
ဂျာမနီ ဇိမ်ခံမော်ဒယ်ကားများနှင့် အမေရိကန်လျှပ်စစ်ကားများအတွက် ခိုင်မာသော ဝယ်လိုအားကြောင့် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ၏ပြည်တွင်းသို့တင်သွင်းသည့် ကားရောင်း အားသည် ဂဏန်းတစ်လုံးစာ မြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၃ ရက်နေ့ စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များ ဖော်ပြချက်အရသိရသည်။ တင်သွင်းရောင်းချသည့် မော်တော်ယာဉ် အရေအတွက်သည် အစောပိုင်း နှစ်မှ ဇွန်လ တွင် ၂၇၇၇၉ စီး အထိ ၉.၈ ရာခိုင်နှုန်း တိုးလာခဲ့ ကြောင်း Korea Automobile Importers & Distributors Association (KAIDA) ထုတ်ပြန် ချက်အရသိရသည်။ ယခုနှစ် ပထမခြောက်လအတွင်း ပြည်တွင်း၌ ပြည်ပမှ ကားအစီးရေ ၁၃၈၁၂၀ ရောင်းချခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉.၉ ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။ ဂျာမန်ကားထုတ်လုပ်သူ BMW သည် ဇွန်လတွင် အစီးရေ ၆၅၅၃ စီး ရောင်းချခြင်း ဖြင့် နိုင်ငံခြားကားကုမ္ပဏီများအကြား မော်တော်ကားရောင်းချရမှု အများဆုံးဖြစ်လာသည်။ အမေရိကန် ကားထုတ်လုပ်သူ Tesla သည် အစီးရေ ၆၃၇၇ စီး ရောင်းချပြီး ၎င်း၏နောက်တွင် ဂျာမန်ကားထုတ်လုပ်သူ Mercedes-Benz က အစီးရေ ၆,၀၃၇ စီး၊ Lexus မှ အစီးရေ ၁၂၃၀ စီး၊ Volvo မှ အစီးရေ ၁,၀၆၇ စီးနှင့် Porsche အစီးရေ ၁,၀၅၆ စီးတို့ ဖြစ်သည်။ ဤတွင်ရောင်းချခဲ့သည့် ဥရောပကားမော်ဒယ်အရေအတွက်မှာ ဇွန်လတွင် ၁၈၂၃၇ စီးဖြစ်ပြီး စုစု ပေါင်း၏ ၆၅.၇ ရာခိုင်နှုန်းကို ရယူထားသည်။ အမေရိကန်၊ ဂျပန်နှင့် တရုတ်ကားအမှတ်တံဆိပ်များသည် စျေးကွက်ရှယ်ယာ ၂၅.၇ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်းနှင့် ၀.၈ ရာခိုင်နှုန်းစီ မှတ်တမ်းတင်ထား ကြောင်းသိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)