Main menu

ဗီယက်နမ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်အား ထရမ့်မှကြေညာ

Powered by Drupal
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး To Lam နှင့် စကားပြောပြီးနောက် ဗီယက်နမ်နှင့် ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ် ပြုလုပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာပလက် ဖောင်း Truth Social တွင် ကြေညာခဲ့သည်။ နှစ်နိုင်ငံအကြား ကောင်းမွန်သော ပူးပေါင်းဆောင်ရွက် မှုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း စည်းမျဥ်းစည်းကမ်းအရ ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံ ပိုင်နက်ထဲကို တင်ပို့သော ကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၀ ရာခိုင်နှုန်း နှင့် ပို့ဆောင်မှုတိုင်း အတွက် ၄၀ ရာခိုင်နှုန်း စည်းကြပ်ခွန်ပေးဆောင်မည် ဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။ အပြန်အလှန်အားဖြင့် ဗီယက်နမ်သည် ယခင်က မလုပ် ဖူးသော အရာတစ်ခုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဆိုလိုသည်မှာ အမေရိကန်သည် ၎င်း၏ ကုန်သွယ်မှုအတွက် စျေးကွက်များသို့ လုံးလုံးလျားလျား ဝင်ရောက်ခွင့်ပေးမည်ဟု ထရမ့်က ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် အမေရိကန်ပြည်ထောင် စုသို့ ၎င်းတို့၏ စျေးကွက်ကို ဖွင့်လှစ်မည်ဖြစ်ပြီး "ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ဗီယက်နမ်သို့ အကောက်ခွန်မဲ့ ရောင်းချနိုင်လိမ့်မည်" ဟု Trump က ရေးသားခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)