Main menu

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၃.၄ သန်း ရရှိခဲ့

Powered by Drupal
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၃၈၇၀၇၀ တင်ပို့ခဲ့ ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၃.၄ သန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါး အသင်းချုပ် (CRF) က ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယခုနှစ် ဇန်န၀ါရီမှ ဇွန်လအတွင်း နိုင်ငံနှင့်ဒေသပေါင်း ၆၃ နိုင်ငံသို့ ဆန်စပါး ကုမ္ပဏီ ၅၀ က တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံ သည် ကုန်ပစ္စည်း အဓိကတင်သွင်းသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်ပသို့တင်ပို့သောဆန်များ၏ ၇၅ ရာခိုင်နှုန်းမှာ ဆန်မွှေး ၁၉.၆၈ ရာခိုင်နှုန်းမှာ ဆန်ဖြူ ၂.၄၉ ရာခိုင်နှုန်းမှာ ဆန်ကွဲ ၂.၁၃ ရာခိုင်နှုန်းမှာ အော်ဂဲနစ် ဆန် ၀.၇ ရာခိုင်နှုန်းမှာ တခြား ဆန်အမျိုးအစားများဖြစ်ကြောင်း CRF အထွေထွေအတွင်းရေးမှူး Lun Yeng က ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံခြား ရေး၀န်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Soviccheat က ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RCEP) သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်သည် ကမ္ဘောဒီးယား ၏ လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံနှင့် အခြား RCEP နိုင်ငံများသို့ အကောက်ခွန်လိုက်လျောမှုများဖြင့် တင်ပို့ခြင်းအတွက် ခိုင်မာသော အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို လွတ်လပ်သော ကုန်သွယ်မှုစာချုပ်အရ ကမ္ဘောဒီးယားထွက်ကုန်များ အထူးသဖြင့် ဆန်စပါး၊ ငှက်ပျောသီး၊ သရက်၊ ငရုတ်ကောင်း၊ တောရိုင်းရေထွက်ပစ္စည်းအချို့၊ အရည်အသွေးမြင့် စိုက်ပျိုးရေး ထွက်ကုန်အများအပြားကို တရုတ်နိုင်ငံသို့ ဦးစားပေး အခွန်အခများဖြင့် တင်ပို့ခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)