Main menu

ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့အပေါ်အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံသွားမည်ဟု ထရမ့်မှပြောကြား

Powered by Drupal
သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဂျပန်နှင့်ကိုရီးယားတို့မှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း အသီးသီးကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ လူမှုမီဒီယာ တွင် ဇူလိုင်လ ၇ ရက်နေ့က ပြောကြားခဲ့သည်။ Truth Social တွင် တင်ထားသော ထရမ့်၏ ကိုရီးယား သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်ထံ ပေးပို့သောစာတွင် သွင်းကုန်အခွန်သစ်သည် တခြားကဏ္ဍအလိုက် အခွန်စည်ကြပ်မှုများနှင့် သီးခြားဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထိုနိုင်ငံများနှင့် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြမှုကွာဟချက်ကို ဖယ်ရှားရန် အတွက် ၂၅ ရာခိုင်နှုန်း အခွန်ပမာဏ သည် လိုအပ်သည်ထက်နည်းပါးသည်ကို နားလည်သင့် ကြောင်း၊ အကယ်၍ နှစ်နိုင်ငံလုံးမှ ၎င်း၏ စည်းကြပ်ခွန်အပေါ်တုံ့ပြန်ပါက အမေရိကန်မှ ၎င်း၏ တူညီသော ပမာဏအတိုင်း အခွန်တိုးမြင့်မည်ဟု ထရမ့်ကသတိပေးခဲ့သည်။ ‘အပြန်အလှန် အခွန်စည်းကြပ်မှု’ ကို ဇူလိုင်လ ၉ ရက်မှ သြဂုတ်လ ၁ ရက်နေ့အထိ ရပ်ဆိုင်းထားရန် ထရမ့်မှ အမှုဆောင်အမိန့်ကို ထုတ်ပြန်ရန် စီစဉ်ထားကြောင်း ဇူလိုင်လ ၇ ရက်နေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ကာရိုလိုင်းလီဗစ်က ပြောကြားခဲ့သည်။ နောက်ထပ် နိုင်ငံ ၁၂ နိုင်ငံမှ အလားတူသတိပေးချက်များအား လက်ခံရရှိမည်ဖြစ်ပြီး ထရမ့်၏ Truth Social Platform တွင်လည်းတင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)