
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးရန် (သို့မဟုတ်) အသုံးမပြုရန် သင့်မသင့်နှင့် ဘေးအန္တရာယ်ရှိ/မရှိကို စစ်ဆေးရေးအရာရှိများ ခန့်အပ်တာဝန်ပေး၍ စဉ်ဆက် မပြတ် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်း မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ အခြေခံမူလတန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချ သောအသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်များ၊ အသုပ်စုံများ ရောင်းချခြင်းများကို ဇူလိုင်လ(၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံက ကျောင်းအုပ်ဆရာမကြီး တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ FDA ထောက်ခံချက်များ ပါဝင်မှုရှိ/မရှိ၊ နောက်ဆုံးသုံးစွဲရမည့် ရက်ကျော်လွန်နေခြင်းမရှိစေရေးတို့ကို စစ်ဆေးခဲ့ကြပြီး မုန့်ရောင်းချသော ဈေးသည်များအားလည်း ကလေးငယ်များ ဘေးအန္တရာယ်ရှိ စေရေး မုန့်များကို ရောင်းချခြင်းမရှိစေရန် အသုပ်စုံ ရောင်းချသည့် ဈေးသည်များအား အစားအသောက်များအား ယင်မနားစေရန် ဖုံးအုပ်ခြင်းများ ဆောင်ရွက်ကြရန် ဝမ်းပျက်ဝမ်း လျောရောဂါများ ဖြစ်ပွားမှုမရှိစေရန် သန့်ရှင်းစွာ ဆောင်ရွက်ကြရန် အမှည့်လွန်သစ်သီးများအား ရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)