
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ လျှပ်စစ်ပစ္စည်း အမျိုးမျိုးရောင်းချ သောဆိုင်များတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား များပါဝင်ခြင်းရှိ/ မရှိအား စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင် သာယာရေးတို့ ပူးပေါင်း၍ ဇူလိုင်လ(၈)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ခရမ်းမတိုး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် ရွှေငါးကြင်း လျှပ်စစ်ပစ္စည်းမျိုးစုံရောင်းခန်းမတို့တွင် ရောင်းချလျှက်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကြိုတင် သတိပေးချက်များ ပြည့်စုံစွာ ပါဝင်မှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ကြပြီး ဈေးဆိုင်တာဝန်ခံ မန်နေဂျာ များအားလည်း ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဆိုင်တွင်ရောင်းချ၍ စားသုံးသူအား ကုန်စည်နှင့် ပတ်သတ်သည့် သတင်း အချက်အလက်များကို တိကျမှန်ကန်စွာပေးခြင်း စားသုံးသူအခွင့်အရေးများ ရရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)