
(၅.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုကျေးရွာအုပ်စုနှင့် ဥတိုကျေးရွာအုပ်စုအကြား ရန်ကုန်-ပြည်ကားလမ်းဘေး ခွေးအိပ်ချောင်းတံတားအနီးရှိ ကွင်းအမှတ်(၇၇၄)၊ ကံကလေးကွင်း၊ ဦးပိုင်အမှတ်(၆၉-ခ) တောင်သူဉီးတင်လှ၏ လယ်မြေ (၁၀)ဧက၌ ဓါတ်မြေဩဇာထောက်ပံ့ခြင်းနှင့်စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၃၅၀)ဉီးခန့်တက်ရောက်ကြပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာက စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မြန်မာ့အာမခံလုပ်ငန်း၊ သီးနှံအာမခံဌာန ဒုတိယအထွေထွေမန်နေဂျာက သီးနှံအာမခံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက တောင်သူများထံ ဓါတ်မြေဩဇာနှင့်စိုက်ပျိုးစရိတ်ချေး ငွေများပေးအပ်၍ တောင်သူများကိုယ်စားတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)