
(၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးအတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ကိုအောင်၊ ကိုလင်းမောင်မောင်ဆိုင်များတွင် အမှတ်တံဆိပ်မျိုးစုံမှ ထမင်းပေါင်းအိုး၊ ဟင်းချက် အိုး၊ ပန်ကာ၊ ရေနွေးအိုးစသည့်အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် အခန်း(၁၈)၌ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းတွင် သိသားထင်ရှားစွာဖော်ပြရမည့်အမျိုးအမည်၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာလိုဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ယခုကဲ့သို့ အမှတ်တံဆိပ်ပြည့်စုံသော ပစ္စည်းများကိုသာ ရောင်းချရန်နှင့် အမှတ်တံဆိပ်မပြည့်စုံသော ပစ္စည်းများဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)