Main menu

မှော်ဘီမြို့နယ်၊ အ.လ.က (လေထီး)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အ.လ.က (လေထီး)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းကျောင်း(လေထီး)မှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်အေးမိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးမှ စားသုံးသူ ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ဖြစ်ပေါ်လာပုံ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများပတ်သက်၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ 1535 Call Center သို့ခေါ်ဆို၍ မိမိသိလိုသည်များ မေးမြန်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ နှင့်ကျောင်းသား/ကျောင်းသူစုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)