
(၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးနှင့် အ.လ.က(လေထီး)ကျောင်းမှ ကျောင်းကျန်းမာရေးတို့ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်များအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော Big Spicy Slice (စွဲနေပြီအစပ်ပြားကြီး)၊ ပွင့်ဖြူ(ပုစွန်မုန့်)၊ Ok (မြေပဲဘီစကစ်ဝေဖာ)၊ Tiktok (၅)မျိုးစပ်(အကြော်စုံ)၊ Assorted Cookies (သုံးမျိုးစပ်ကွတ်ကီး)တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျောင်းမုန့်ဈေးတန်းရောင်းချနေသူများအား ကျောင်းသား/ ကျောင်းသူများအတွက် သန့်ရှင်းသပ်ရပ်စွာရောင်းချရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောမုန့်များကိုရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)