Main menu

ဘိုကလေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal
စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၁၀.၇.၂၀၂၅ ) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ယိုးဒယားငံပြာရည်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ စားသုံးဆီအမှတ်တံဆိပ်မျိုးစုံ၊ မြေပဲဆီဘူးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများ ပါရှိသည်ကို စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက စားအုန်းဆီ‌နှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ စည်းကမ်းလိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)