Main menu

သီရိလင်္ကာနိုင်ငံ၏ GDP သည် အမေရိကန်အကောက်ခွန် တိုးမြှင့်မှုကြောင့် ၁.၅ ရာခိုင်နှုန်း ကျဆင်းနိုင်

Powered by Drupal
သီရိလင်္ကာ ပို့ကုန်များအပေါ် အခွန် ၄၄ ရာခိုင်နှုန်း ပြန်လည်သတ်မှတ်ပြီး ပြိုင်ဘက်ကုန်သွယ် ဖက်များအပေါ် အခွန်လျှော့ချမည်ဆိုပါက သီရိလင်္ကာ၏ GDP သည် ၁.၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားနိုင်ကြောင်း IMF အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိတွင် သီရိလင်္ကာနိုင်ငံသည် အကောက်ခွန် ၄၄ ရာခိုင်နှုန်းကို ဇူလိုင် ၉ ရက်အထိ ဆိုင်းငံ့ထား သောကြောင့် အမေရိကန်သို့ ပို့ကုန် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရန် ရင်ဆိုင်နေရသည်။ အထူးသဖြင့် အထည်ချုပ်ကဏ္ဍအတွက် အမြတ် အစွန်းများ လျောနည်းသွားသည်ဟု IMF မှ ပြောကြားခဲ့ပြီး အဆိုပါ များပြားလှသော အကောက်ခွန် တိုးမြှင့်မှုကို ကုမ္ပဏီများမှ ကန့်သတ် ထားသည်။ ပြင်ပဝယ်လိုအားနည်းပါးခြင်းနှင့် ကုန်သွယ်မှု လမ်းကြောင်းလွှဲခြင်း တို့ကြောင့် ပို့ကုန်တင်ပို့မှုကဏ္ဍသည် GDP ၏ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွား နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သွင်းကုန်လိုအပ်ချက်နည်းပါးခြင်း၊ ကမ္ဘာ့ကုန် ဈေးနှုန်းများ နိမ့်ကျခြင်းနှင့် ငွေလဲနှုန်းကျဆင်းခြင်းတို့ကြောင့် ပို့ကုန်များလျော့နည်းသွားမည်ဖြစ်ကြောင်း IMF မှ ထည့်သွင်း ပြောကြားခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို လျှော့ချခြင်းနှင့် မသေချာမရေရာမှု များ မြင့်တက်လာခြင်းသည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးနိုင်ပြီး GDP ဆုံးရှုံးမှုကို အထောက်အကူဖြစ်စေသည်ဟု IMF ထုတ်ပြန်ခဲ့ သည်။ အလုပ်လက်မဲ့များ တိုးလာမည်ဟု IMF မှ သတိပေးထားပြီး အစိုးရအားပံ့ပိုးကူညီမှုပေးရန် လူထု၏ ဖိအားများသည် ပြုပြင်ပြောင်းလဲ ရေး အကောင်အထည်ဖော်မှုကို နှေးကွေးစေကာ ပရိုဂရမ်စွမ်းဆောင်ရည် နိမ့်ကျနိုင်ခြေကို တိုးမြင့်စေသည်ဟုလည်း IMF က သတိပေးခဲ့သည်။ Source : Xinhua DOCA(ရန်ကုန်)