
မွန်ဂိုလီးယားဗဟိုဘဏ်သည် ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း တရားဝင်အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များထံမှ စုစုပေါင်းရွှေ ၅.၉ တန်ကို ဝယ်ယူခဲ့ကြောင်း ဘဏ်၏ထုတ်ပြန်ချက်အား ကိုးကား၍ ဇူလိုင်လ ၉ ရက်နေ့တွင် ဒေသဆိုင်ရာမီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါဝယ်ယူမှု ကိန်း ဂဏန်းသည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။ ဇွန်လအထိ မွန်ဂိုလီးယားဘဏ်မှ ဝယ်ယူသော ပျမ်းမျှရွှေဈေးမှာ တစ်ဂရမ်လျှင် ၃၈၅၃၂၀.၃၆ ရှိသော မွန်ဂိုလီးယား တွန်းရစ် ( အမေရိကန်ဒေါ်လာ ၁၀၇၅) ဖြစ်သည်။ နိုင်ငံခြားငွေ အရန်ငွေကို အဆက်မပြတ် တိုးမြှင့်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေး တည်ငြိမ်မှုရှိစေရန် ဗဟိုဘဏ်အတွက် ရွှေဝယ်ယူခြင်းသည် အဓိကနည်းလမ်းများထဲမှ တစ်ခုဖြစ်ကြောင်းသိရသည်။ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့၏အဆိုအရ မွန်ဂိုလီးယား၏နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေသည် ၂၀၂၅ ခုနှစ် ဇွန်လကုန် တွင် ဒေါ်လာ ၅.၂၀၆ ဘီလီယံအထိရှိခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)