
သြစတြေးလျ ထောပတ်သီး ထုတ်လုပ်မှုသည် ယခုရာသီတွင် ၁၅ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ကမ္ဘာ့ဈေးကွက်တွင် သြစတြေးလျဒေါ်လာ ဘီလီယံ ၃၀ ကျော် တက်လာပြီး နိုင်ငံတကာ ဝယ်လိုအားနှင့် ပို့ကုန်များ ဆက်လက်မြင့်တက်နေကြောင်း ဇူလိုင်လ ၉ ရက်နေ့ကထုတ်ပြန်သော စက်မှုလုပ်ငန်း အစီရင်ခံစာအရသိရသည်။ ရေတိုကျဆင်းနေခြင်းဖြစ်သော်လည်း ထုတ်လုပ်မှုသည် လာမည့်နှစ်တွင် ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းရပြီး ထောပတ်သီးများအတွက် နိုင်ငံတကာ ဝယ်လိုအားနှင့် တင်ပို့မှုအခွင့်အလမ်းများ မကြုံစဖူးမြင့်မားလာခဲ့ကြောင်း စိုက်ပျိုးရေးလုပ်ငန်း ဘဏ္ဍာရေးဝန်ဆောင်မှုပေးသူ Rabobank ၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ ဩစတေးလျ နိုင်ငံ၏ ထောပတ်သီးထုတ်လုပ်မှုသည် ၂၀၂၄/၂၅ ရာသီတွင် ၁၂၈၀၀၀ မက်ထရစ်တန်ရှိမည်ဟု ခန့်မှန်းထားပြီး ထုတ်လုပ်မှုခန့်မှန်းချက်မှာ တန်ချိန် ၁၇၀၀၀၀ သို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်း ထားသည်။ ထောပတ်သီးအသစ်စိုက်ပျိုးမှုသည် ၁၉၉၉ ခုနှစ်ကတည်းက အနိမ့်ဆုံးသို့ ကျဆင်းသွား သော်လည်း အစောပိုင်းတိုးချဲ့မှုများသည် ယခုအခါ အပြည့်အဝ အကျိုးဖြစ်ထွန်းပြီး အနာဂတ်သီးနှံ အရွယ်အစား တည်ငြိမ်မှုကို အချက်ပြနေကြောင်း RaboResearch မှ လေ့လာသူ Anna Drake က ပြောကြားခဲ့သည်။ သြစတြေးလျထောပတ်သီး တင်ပို့မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် တည်ငြိမ်ခဲ့ သော်လည်း ဈေးနှုန်းများသည် ၁ ကီလိုဂရမ်လျှင့် ၅.၁၈ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး အဓိကအာရှ ဈေးကွက်များတွင် ဝယ်လိုအား အားကောင်းကာ အိန္ဒိယသို့ တင်ပို့မှုသိသိသာသာ တိုးတက်လာကြောင်း အစီရင်ခံစာအရသိရသည်။
Source : Xinhua
DOCA(ရန်ကုန်)