Main menu

ဇွန်လတွင် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်အမှာစာအသစ်များ သိသိသာသာကျဆင်းခဲ့

Powered by Drupal
ဇွန်လတွင် ဗီယက်နမ်၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ပို့ကုန်အမှာစာသစ်များတွင် ၂ နှစ်ကျော် အတွင်း အဆိုးရွားဆုံးကျဆင်းမှုကို ကြုံတွေ့ခဲ့ရကြောင်း S&P Global Market Intelligence မှ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်သော အစီအရင်ခံစာအရသိရသည်။ S&P Global Market Intelligence မှ ဇူလိုင်လ ၁ ရက်‌‌နေ့တွင် ထုတ်ပြန်သော အစီအရင်ခံစာအရသိရသည်။ S&P Global Vietnam Manufacturing Purchasing Managers Index သည် မေလတွင် ၄၉.၈ မှ ဇွန်လတွင် ၄၈.၉ သို့ ကျဆင်းသွားကြောင်းသိရသည်။ ယင်းသည်ယခုနှစ်ပထမနှစ်ဝက်တွင် လုပ်ငန်းအခြေအနေများ အနည်းငယ် ယိုယွင်းလာခြင်းကြောင့်ဖြစ်သည်။ S&P Global Market Intelligence မှ ဒါရိုက်တာ Andrew Harker က အခွန်ကောက်ခံမှုများ ပြင်းထန်လာခြင်းကြောင့် ဗီယက်နမ်ထုတ်လုပ်သူများ၏ နိုင်ငံတကာဝယ်လိုအား ပိုမိုဆိုးရွားလာသည်ကို ဇွန်လတွင်မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ပို့ကုန်များသိသာစွာကျဆင်းလာခြင်းကြောင့် စုစုပေါင်းအမှာစာ အသစ်များထပ်မံလျော့ပါးစေကာ လုပ်ငန်းများအား အလုပ်အကိုင်နှင့် ဝယ်ယူမှုများ လျှော့ချနိုင်စေရန် ဦးတည်ခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)