
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇူလိုင်လ ပထမပတ်တွင် ရောင်းချ နေသော ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းများအနေဖြင့် ဇူလိုင်လ စတုတ္ထပတ်တွင် တိုင်ထောင်သီး / အင်းသီး (၂၅) ကျပ်သားလျှင် ( ၁၄၀၀) ကျပ်၊ ( ၅၀ ) ကျပ်သားလျှင် (၂၇၀၀)ကျပ်၊ ၁ပိဿာ လျှင် (၅၂၀၀) ကျပ်ဖြင့်လည်းကောင်း၊ အားလူဈေးနှုန်းများအနေဖြင့် အလုံးလှ ( ၂၅) ကျပ်သား လျှင် ( ၁၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ( ၂၄၀၀)ကျပ်နှင့် ( ၁ ) ပိဿာလျှင် ( ၄၈၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)