
တောင်ပို့မှိုဟု ဆိုသည့်အတိုင်း တောင်ပို့ရှိရာ မြေအောက်ခြကောင်ရှိသော နေရာများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းသည်နှင့် ပေါက်ရောက်တပ်ပါသည်။ တောင်ပို့မှိုသည် ဈေးကောင်းရသော အစား အစာတစ်မျိုးဖြစ်ကြောင်း၊ တောင်ပို့မှိုကိုတွေ့လျှင် တူရွင်း၊ ပေါက်ပြားများဖြင့် တူးယူခြင်းမပြုပဲ လက်ဖြင့်မှိုများအား နုတ်ယူပါက နောင်နှစ်များတွင်လည်း ၎င်းနေရာ၌ တောင်ပို့မှိုများ ပြန်လည် ထွက်လာကြောင်း၊ ရှေးလူကြီးများ၏ ပြောစကားများတွင် လေ့လာမှတ်သား သိရှိရပါသည်။
ကန့်ဘလူမြို့မဈေးတွင် စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှို စသောမှိုများနည်းတူ သဘာဝတောင်ပို့မှိုများ ရောင်းချလျက်ရှိကြောင်း၊ တောင်ပို့မှိုသည် ရာသီဥတုအချိန်အခါနှင့် ပေါက်ရောက်သည့်အတွက် ရှားပါး၍ဈေးကောင်းရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်းတောင်ပို့မှို(၁၀)ဖူးပါတစ်စည်းလျှင် (၂၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် ၁၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင်(၂၅၀၀၀ မှ ၃၀၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ တောင်ပို့မှိုသည် မိုးဦးကာလတွင် သဘာဝအတိုင်း ထွက်ရှိလာသောမှိုဖြစ်၍ ကျေးလက်နေပြည်သူများ အရင်းမစိုက်ရ ပဲမိသားစုဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)