
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ရောင်းတမ်းဝင် အသီးများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်တွင် စိန်တစ်လုံးသရက်သီးမှ သရက်ပြင်(ခေါ်)သရက်ပြားအဖြစ် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်၍ ဒေသတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်းသိရသည်။
ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် မြစ်သား၊ ပြည်၊ ပေါက်ခေါင်းမြို့ များသို့ အများဆုံးတင်ပို့ ရောင်းချကြောင်း၊ ဇူလိုင်လ ပထမပတ်အတွင်း သရက်ပြင်တစ်ပိဿာလျင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ် ၊(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ နှစ်စဉ်ကုန်ချောသရက်ပြင် (၃၀၀မှ ၈၀၀) ပိဿာခန့်ထိ သက်ရက်သီးကုန်ကြမ်း ရရှိမှုပေါ်မူတည်၍ မိသားစုတစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်း ချလျက်ရှိပြီး ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း လုပ်ငန်းရှင်ဦးမျိုးနိုင်ထံမှ သိရှိရ သည်။
DOCA(စစ်ကိုင်း)