Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာဈေးနှုန်း အနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၇၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၈၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၈၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ် တို့ဖြစ်ပါသည်။

     တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၃၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၀၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၀၀၀)ကျပ် တို့ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် ဇူလိုင်ပထမအပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေ(ကျား)ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပြီး ဓာတ်မြေဩဇာဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ တာချီလိတ်မြို့၏ ဘိလပ်မြေဈေးနှုန်းများမှာ ဘိလပ်မြေ(ကျား)ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)