
ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးကို (၃၂၉၉) ဧက စိုက်ပျိုးခဲ့ပြီး ဇွန်လကုန်အထိ (၆၅) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။ နွေစပါးကို မတ်လကို မတ်လကစိုက်ပျိုးခဲ့ပြီး၊ ဇွန်လမှစ၍ ရိတ်သိမ်းကာ တစ်ဧကကုန်ကျစရိတ်မှာ (၁၅) သိန်းဝန်း ကျင်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၉၄) တင်းခန့်ထွက်ခဲ့ကြောင်း၊ ထွက်ရှိချိန်ဈေး နှုန်းအနေဖြင့် စက်ကျအစိုတစ်တင်းလျှင် ရက် (၉၀) မှာ (၁၄၅၀၀-၁၅၀၀၀) ကျပ်၊ ရွှေသွယ်ရင်မှာ (၁၆၀၀၀) ကျပ်ဈေးရှိသဖြင့် တောင်သူတွက်ခြေကိုက်မှုနည်းကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရာတွင် ဆည်ရေ၊ ကန်ရေရရှိသောဒေသများတွင် သက်တမ်း တိုသောစပါးမျိုးများဖြစ်သည့် ရွှေသွယ်ရင်၊ ရက်(၉၀) စပါးမျိုးများ စိုက်ပျိုးမှုများကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်နွေစပါးစိုက်ပျိုးရာသီက (၈၁၂၆) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ်တွင် ရေကြီးခဲ့ခြင်း ကြောင့် ကင်းတားဆည်ဘောင်များပြုပြင်ဆဲဖြစ်၍ စိုက်ဧကမှာ လျော့နည်းခြင်းဖြစ်ကြောင်း တောင်သူ များထံမှသိရသည်။
DOCA(မန္တလေး)