
မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များမှာ ယခုအခါနွေးစပါးများ ထွက်ရှိချိန်ဖြစ်၍ စက် လည်မှုများကြောင်းသိရသည်။ စပါးစက်များအနေဖြင့် ကိုယ်ပိုင်စိုက်ပျိုး၍ ကြိတ်ခြင်း၊ စပါးဝယ်ယူ ကြိတ်ခြင်း၊ နဝလီကြိတ်ခြင်းများ ဆောင်ရွက်ရာ ဆန်စက်များအနေဖြင့် နဝလီကြိတ်မည်ဆိုပါက ဆန်တစ်အိတ်လျှင် (၁၂၀၀) ကျပ်နှုန်းဖြင့် ကြိတ်ခွဲကြောင်းသိရသည်။
စပါးတင်း (၁၀၀) ကြိတ်လျှင်ဆန် (၁.၅) တင်းအိတ် (၂၇/၂၈) အိတ်ရရှိပြီးဂ ဆန်ကွဲ (၁.၅) တင်း (၁) အိတ်နှင့်ဖွဲနုမှာ (၉.၅) ပိဿာရှိ ဖွဲနု (၈) တင်းဝန်းကျင်ထွက်ရှိပါသည်။ ဝမ်းတွင်းမြို့နယ်၌ လတ် တလော ကြိတ်ခွဲနေသော ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေးများမှာ ရွှေသွယ်ရင် (၁.၅) တင်းဝင်တစ်အိတ်လျှင် (၅၀၀၀၀/၅၅၀၀၀) ကျပ်၊ ဆန်ကွဲတစ်အိတ်လျှင် (၄၀၀၀၀) ကျပ် ၊ ဖွဲနု (၁၈) ပိဿာဝင် (၁.၅) တင်း တစ်အိတ်လျှင် (၂၂၀၀၀)ကျပ် ဈေးရှိကြောင်းနှင့်နွေစပါးထွက်ချိန်ဖြစ်၍ စက်များကြိတ်ခွဲမှုများကြောင်း သိရသည်။
DOCA(မန္တလေး)