Main menu

သာစည်မြို့နယ်တွင် နွေစပါး စတင်ရိတ်သိမ်း

Powered by Drupal

   မိတ္ထီလာခရိုင် ၊ သာစည်မြို့နယ်သည် နွေစပါးများအား လယ်ယာထွက်ကုန်သီးနှံများစိုက်ပျိုး ဖြစ်ထွန်းရာ နွေစပါးကို ၂၀၂၅ ခုနှစ် မတ်လက စိုက်ပျိုးခဲ့ရာ ဇူလိုင်လ ပထမအပတ်တွင် ရိတ်သိမ်း မည်ဖြစ်ကြောင်း  ၂-၇-၂၀၂၅ ရက်နေ့တွင် သာစည်မြို့နယ် ၊ ကုက္ကိုကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ (၂၀၂၀) ကုက္ကိုကန်အရှေ့ကွင်း၊ ဦးပိုင်အမှတ် (၅၅/၁)၊ ဧရိယာ(၀.၀၈)ဧကရှိ တောင်သူ ဦးပေါ်ညွှန့်၏ စပါးသီးနှံမျိုး အောင်နိုင်တိုးနွေးစပါး စံပြကွက်အား ရိတ်သိမ်းခြင်း အခမ်းအနားကို ပြုလုပ်ကျင်ပ ခဲ့ကြောင်းသိရှိရပါသည်။
    အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဌ ဦးမျိုးသက်ကျော်နှင့် မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး နွေစပါးများ ရိတ်သိမ်းရာ တွင် တစ်ဧကလျင် အဆိုအထွက်နှုန်း (၁၄၁.၆၂)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါသည်။

DOCA(မန္တလေး)