Main menu

တောင်ငူမြို့တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးကြည့်ရှု

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူမြို့နယ် တာဝန်ခံ ဦးမြင့်သူတို့နှင့်အတူ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ ဘုရင့်နောင်ဈေး အနီး ရန်ကုန်-မန္တလေးလမ်းနှင့် စာတိုက်လမ်းဆုံရာ၌ Six Winner Brother Co.,Ltd မှ အခြေခံ လူတန်းစားများအား သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့ရာ ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ် ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျှက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကုမ္ပဏီ ၅ ခုမှ တောင်ငူမြို့အတွင်း အခြေခံလူတန်းစားများသို့ စားအုန်းဆီ ပိဿာ ၅၅၀၀၀ ရောင်းချခဲ့ပြီးဖြစ်ပါသည်။

              သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချရာတွင် ဆိုင်ထိုင်၍ရောင်းချခြင်း၊ အခြေခံလူတန်းစားများရာအရပ်တွင် လှည့်လည်ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၀ ရက်နေ့တွင် Six Winner Brother Co.,Ltd မှ ဘုရင့်နောင်ဈေးအနီးတွင် စားအုန်ဆီ တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာရောင်းချပေးကြောင်းနှင့် လက်ကား ဝယ်ယူခွင့်ရရှိသည့် ကုန်သည်များက ဆိုင်ထိုင်အနေဖြင့်လည်းကောင်း၊ အခြေခံလူတန်းစားများရာ ရပ်ကွက်များတွင် မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချခြင်းကိုလည်းကောင်း ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)