
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို စိုက်ပျိုးပြီး မိမိတို့ ဒေသထွက် မိသားစု စားသုံးပိုလျှံမှသာ ရောင်းချသော အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ နှင့် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ဗမာကြက်သွန်ဖြူ အလတ်စ တစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၃၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကြက်သွန်နီ မြစ်သား အမျိုးအစား တစ်ပိဿာ လျှင်(၂၀၀၀/၂၂၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၅၀၀/၁၇၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရှိရပါ သည်။
DOCA(စစ်ကိုင်း)