
မန္တလေးစျေးကွက်သို့ မိုးရာသီအတွင်း ပြင်ဦးလွင်မြို့နယ်နှင့် မတ္တရာမြို့နယ် တို့မှထွက်ရှိ သည့်ရာသီစာပိန္နဲသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါ သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပိန္နဲသီး အကြွပ် သီး တစ်လုံး လျှင် ၁၀၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ ပိန္နဲသီးအချို (အပျော့သီး) တစ်လုံးလျှင် ၈၀၀၀ ကျပ် နှင့် ၁၀၀၀၀ကျပ်စျေးတို့ဖြစ်ပေါ် လျက်ရှိပြီး၊အလုံးအရွယ်အစားပေါ် မူတည်၍ စျေးအနည်းငယ်ပြောင်း လဲမှုရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)