
ကုလားပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရ ပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်း ဝင်တစ်အိတ်လျှင်ကုလားပဲ(V-2) ၂၆၃၀၀၀ ကျပ်၊ကုလားပဲ(V-7)၂၆၄၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၄၁၀၀၀ကျပ် နှင့်၂၄၅၀၀၀ကျပ်၊ ကုလားပဲ(929) ၂၅၅၀၀၀ ကျပ်နှင့် ၂၅၆၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2)၄၅၉၄ကျပ်၊ ကုလားပဲ(V-7)၄၆၁၁ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၂၈၄ကျပ်နှင့်၄၃၅၆ကျပ်၊ ကုလားပဲ(929) ၄၅၃၃ ကျပ်နှင့် ၄၅၅၁ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၄၁၅၇ ကျပ်နှင့် ၄၁၉၂ကျပ်၊ကုလားပဲ (V-7) ၄၂၇၉ ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၀၈၉ကျပ်နှင့် ၄၁၄၂ ကျပ်၊ကုလားပဲ(929)၄၁၇၈ ကျပ်စျေး တို့ဖြစ် သည့်အတွက် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးပိုမိုရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)