Main menu

ကျိုက်လတ်မြို့နယ် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

            ကျိုက်လတ်မြို့နယ် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်အသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်စိန်တို့သည် သြဂုတ်လ (၇)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့ဆွေးနွေးရာ၌ ကုန်ကြမ်းဝယ်ယူရာတွင်ယခင်လိုမြို့ပေါ်မှာအထိုင်ဖြင့်ဝယ်ယူ၍ မရကြောင်း ၊ကျေးရွာများရှိ အင်းချောင်းများသို့ဆင်း၍ဝယ်ယူရကြောင်း၊ ထိုသို့ဝယ်ယူမှသာ မိမိထုတ်လုပ်နိုင်ရေး တစ်နှစ်စာ ကုန်ကြမ်းများအတွက်သာရရှိမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းဈေးနှုန်းများလည်းအနည်းငယ် မြင့်တက်လာပြီး၊ ကုန်ချောဈေးနှုန်းမှာလည်းမြင့်တက်လာပါသည် ယခင်နှစ်များလို ရောင်းအားမကောင်းကြောင်း တက်ရောက်လာသူများမှ ပြောကြားပါသည်။

          ထိုနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များလျှော့နိုင်သမျှ လျှော့နိုင်အောင် ကြိုးစားထုတ်လုပ်နိုင်ရေးနှင့် တွက်ချေကိုက်သော လုပ်ငန်းများဖြစ်စေရေး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိစေရေးနှင့် မိမိတို့ဌာနအနေဖြင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြေကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)