
ပြည်တွင်းစားသုံးမှုများပြားခြင်း နှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ မန္တလေးစျေးကွက်သို့ ရှမ်း ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့မှဝင်ရောက်ကြောင်းသိရပါသည်။မန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင် ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧက ဖြစ်ကြောင်းသိရ ပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန် တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ် လျှင် ပဲပုတ်(ရှမ်း) ၂၆၀၀၀၀ကျပ်နှင့် ၂၇၀၀၀၀ကျပ်၊ပဲပုတ်(ဗမာ)၄၁၅၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေး မှာ ပဲပုတ်(ရှမ်း) ၅၀၇၀ ကျပ်နှင့် ၅၃၉၉ ကျပ်၊ပဲပုတ်(ဗမာ)၇၇၉၃ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၄၀၅၆ ကျပ်နှင့် ၄၁၃၂ ကျပ်၊ ပဲပုတ်(ဗမာ) ၃၇၁၈ ကျပ်နှင့် ၃၇၅၆ ကျပ်၊ ပဲပုတ်(စက်ပဲ)၃၆၆၂ကျပ်နှင့် ၃၇၅၆ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်နှင့် ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲပုတ်စျေးပိုမိုရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)