မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲကြားသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲကြားမှာ ပြည်တွင်းစားသုံးမှုများသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်း ဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲကြားသီးနှံအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဲကြားပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၇၀၀၀၀ကျပ်နှင့် ၂၇၅၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ၄၈၀၀ကျပ်နှင့် ၄၈၈၉ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်လကာလတူ ပဲကြားသီးနှံပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၇၅၀၀၀ ကျပ်နှင့် ၂၇၈၀၀၀ကျပ်၊ တစ် ပိဿာစျေးမှာ ၄၈၈၉ ကျပ်နှင့် ၄၉၄၂ကျပ်တို့ဖြစ်ပြီး၊ ယခင်လနှင့်ယခုလစျေးနှုန်းနှိုင်းယှဉ်ပါက ပဲကြားသီးနှံစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။
DOCA(မန္တလေး)