
ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ဇူလိုင်လ(၁၀)ရက်နေ့တွင် စားနပ်ရိက္ခာဆန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံတော်မှ ထောက်ပံ့ပေးသော ဆန်များအား ကျောက်ဆည်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီနှင့် သက်ဆိုင်ရာဌာနများပါဝင်သော ဆန်ခွဲဝေထောက်ပံ့ပေးရေးအဖွဲ့မှ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်လေးဒဏ်သင့်ခဲ့သော ရပ်ကွက်/ကျေးရွာ(၈၁)အုပ်စုမှ အိမ်ထောင်စုပေါင်း(၅၂၈၂)၊လူဦးရေ ကျား(၉၇၃၄)ဦး၊မ(၁၁၀၉၉)ဦး၊စုစုပေါင်းလူဦးရေ(၂၀၇၃၃)ဦးအတွက် တစ်ဦးလျှင်ဆန်(၄)ပြည်နှုန်း ဖြင့်ဆန်အိတ်ပေါင်း(၃၄၅၅)အိတ်အား ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ပေးခဲ့ပြီး ဆန်၊ဆီ၊ပဲနှင့်ငါးပိ များကိုလည်းဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
DOCA(မန္တလေး)