
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ဒေသများဖြစ်သော ကျွဲရဲ၊ မအူ၊ ဘုမ္မနိုး၊ ညောင်ဖြူပင်၊ အမြင့်ကျေးရွာများမှ သီးနှံစိုက်တောင်သူများသည် စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမ ပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော ခရမ်းသီးဈေးနှုန်းများအနေဖြင့် (၁၀)ကျပ်သားလျှင် ( ၆၀၀) ကျပ်ဖြင့်လည်းကောင်း၊ ( ၁ )ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ခရမ်းကြွပ်သီး( ၁၀) ကျပ် သားလျှင် ( ၅၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)