Main menu

ကျွန်းလှမြို့နယ်အတွင်း မှ ကင်းမုံသီး နှင့် ပဲသီးတောင့်ရှည် ဈေးနှုန်း

Powered by Drupal

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ကင်းမုံသီးကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများမှ ကင်းမုံသီးကို စင်ထိုး ပြီး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီး စိုက်ပျိုးကြကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပိတောက်မြိုင် ဈေး၊  သစ်ရာမြိုင်ဈေးများအတွင်း ရောင်းချလျက်ရှိသည့် ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး လက္ကား တစ်ပြည်လျှင်(၁၈၀၀)ကျပ်၊ ကင်းမုံသီး လက်လီ တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ ကင်းမုံသီး နို့ဆီ(၄)ဘူးလျှင် (၁၀၀၀)ကျပ်၊ ကင်းမုံသီးနို့ဆီ(၂)ဘူးလျှင် (၅၀၀) နှင့် ကင်းမုံသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် ဈေးနှုန်း ဖြင့်  လည်းကောင်း ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး လက္ကားဈေး(၁၀)စီး တစ်ထုံးလျှင် (၃၀၀၀)ကျပ်၊ ပဲတောင့်ရှည်သီး လက်လီဈေး(၇)တောင့်ပါ ၁စီးလျှင်(၄၀၀)ကျပ်၊ (၃)စီးလျှင် (၁၀၀၀) ကျပ်နှင့် ပဲတောင့် ရှည်သီး(၇)တောင့်ပါ ၂စီးလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းဈေးသည်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)