
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို လုပ်ကိုင်ကြပြီး သီးနှံစုံစိုက်ပျိုးလျက်ရှိရာ မိုးပဲတီစိမ်းကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် (၂၀၂၅-၂၀၂၆) ခုနှစ် ဇွန်လကုန်အထိ မိုးပဲတီစိမ်း (၂၆၁၉) ဧက၊ ငါ့သရောက်မြို့နယ်တွင် မိုးပဲတီစိမ်း (၁၈၀၆)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန စာရင်းများအရ သိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်းမှာ ပဲတီ စိမ်းတစ်ပိဿာလျှင် (၆၇၀၀) ကျပ်ခန့်နှင့် တစ်တင်းလျှင် (၁၀၇၂၀၀) ကျပ်ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ပဲတီစိမ်း တစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့်၊ တစ်တင်းလျှင် (၃၂၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာလျက်ရှိပါကြောင်း သိရသည်။
DOCA(မန္တလေး)