Main menu

“ နယ်စပ်လမ်းကြောင်းများမှ အဝယ်ရှိသဖြင့် ကြက်သွန်နီစျေးမြင့်လာ’’

Powered by Drupal

         နယ်စပ်ဝယ်လက်များကပါ အဝယ်လိုက်လာခြင်းကြောင့် ကြက်သွန်နီစျေးမြင့်လာကြောင်း သိရသည်။ မိတ္ထီလာစျေးကွက်အနေနှင့် ရန်ကုန်၊ပဲခူးနှင့် မော်လမြိုင်သို့ ပုံမှန်တင်ပို့နေရာ သြဂုတ်လ ဒုတိယပတ်အတွင်း ရန်ကုန်သို့ တစ်ပတ်အတွင်း (၁၂) ဘီးကား (၂) စီး၊ ပဲခူးသို့ တစ်ရက်လျှင် (၆) ဘီး ကား (၂)စီးနှင့် မော်လမြိုင်သို့ တစ်ပတ်အတွင်း (၁၂) ဘီးကား(၃)စီး တင်ပို့ခဲ့ပြီး၊ မလှိုင်မှ မော်လမြိုင်သို့ (၁၂)ဘီးကား (၃) စီးတင်ပို့ခဲ့ကြောင်းသိရသည်။ နယ်စပ်လမ်းကြောင်းများဖြစ်သည့် စစ်တွေ (ဘင်္ဂလားဒေရှ့်)၊ မြဝတီ၊ မူဆယ်တို့မှ အဝယ်ရှိလာပြီး တင်ပို့မှုမရှိသေးကြောင်းနှင့် အဝယ်ရှိလာသဖြင့် စျေးနှုန်းမှာ မြင့်တက်လာရာ တစ်ပိဿာလျှင် (၁၇၀၀-၁၈၀၀) ရှိကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)