Main menu

“မြုပ်ခရမ်းသီးစိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူ ကြီးများသည် ပဲ၊ ပြောင်း၊ နှမ်း၊ စပါး၊ ကြက်သွန်၊ ဝါသီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါ သည်။ ထိုသီးနှံများအပြင် စဖိုဆောင်သီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး မြုပ်ခရမ်းသီးပင် များကိုလည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ မြုပ်ခရမ်းပင်ကို ကျောက်ဆည်မြို့နယ် ငါးမြွေကုန်း ကျေးရွာနှင့် မင်းစုကျေးရွာများတွင် စိုက်ပျိုးကြပြီး (၅၅၅)မျိုးများကို အဓိကစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ မြုပ်ခရမ်းပင် စိုက်ပျိုးမည်ဆိုပါက ပထမဦးဆုံး ပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး (၂)လ၊ (၃)လအကြာ တွင် မြုပ်ခရမ်းသီးများ စတင်ခူးဆွတ်ရကြောင်း၊ တစ်ဧကတစ်ပတ်အထွက်နှုန်းမှာ ပိဿာ(၂၀၀)မှ (၂၅၀)အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ သက်တမ်းအနေဖြင့် (၅)လအထိ မြုပ်ခရမ်းသီးများ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧက သွင်းအားစု ကုန်ကျစရိတ်မှာ (၈၀၀၀၀၀/-) ကျပ်ခန့်ရှိပြီး စတင်ခူး ဆွတ်ချိန်မှ ဖျက်သိမ်းချိန်အထိ မြုပ်ခရမ်းသီးထွက်ရှိမှု စုစုပေါင်း(၂၀၀၀)ပိဿာ ထွက်ရှိကြောင်း သိရှိ ရပါသည်။ မြုပ်ခရမ်းသီး တစ်ပိဿာလျှင် လက်လီဈေးအနေဖြင့် (၁၅၀၀/-) ကျပ်ရှိပြီး ကုန်စိမ်းပွဲ စားများ စိုက်ခင်း ထဲအထိ လာရောက်ဝယ်ယူကြကြောင်း၊ လက်ကားဈေးအနေဖြင့် တစ်ပိဿာလျှင် (၁၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၂၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသည့် မြုပ်ခရမ်းသီး(ခေါ်) ခရမ်းကြွပ်သီးကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်း ရေသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)