မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခရမ်းချဉ်သီးကို တွင်ကျယ်စွာစိုက်ပျိုးလျက်ရှိရာ ယခုအခါ ကျောက်ဆည်ခရိုင်အတွင်းသို့ ရှမ်းပြည်နယ်မှထွက်ရှိသော ခရမ်းချဉ်သီးများ ဖြိုင်ဖြိုင် ဝင်ရောက်လျက်ရှိပါသည်။ ယခုဇူလိုင်လ ဒုတိယပတ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် အောင်ပန်း ဒေသထွက်ခရမ်းချဉ်သီး အကြီး(၁၀)ပိဿာလျှင် (၂၄၀၀၀/-)ကျပ် အလတ် (၁၀)ပိဿာလျှင် (၂၂၀၀၀/-) ကျပ်၊အင်းလေး ဒေသထွက် ခရမ်းချဉ်သီး (၁၀)ပိဿာလျှင် (၃၀၀၀၀၊၃၅၀၀၀/-) ကျပ်၊ ခရမ်းချဉ်သီးအစိမ်း တစ်ပိဿာ လျှင်(၃၀၀၀/-) တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ခရမ်းချဉ်သီးကို ဟင်းအနှစ်ရဖို့ဖြစ်ဖြစ်၊ ခရမ်းချဉ်သီးစိမ်းကို လက်ဖက်သုပ်နဲ့ အခြားသော အသုပ်တွေနဲ့ထည့်စားစား၊ ပုဇွန်ခြောက်၊ပဲမှုန့်၊ ဆီချက်တို့နဲ့ သုပ်စားစားအမျိုးမျိုးပြုလုပ် စားသုံးကြကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)