
တိုင်ထောင်ပဲသီးကို ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ တိုင်ထောင်ပဲသီးပင်ကို ပျိုးပင်များပြုလုပ်၍လည်းစိုက်ပျိုးကြသည်။ အချို့ဒေသများတွင် မျိုးစေ့ဖြင့်လည်း စိုက်ပျိုးကြသည်။ မျိုးစေ့မှ ပျိုးပင်ဖြစ်သည်အထိ တစ်လခွဲခန့် ကြာမြင့်သည်။ ပျိုးပင်ဖြစ်သည့်အခါမှ စိုက်ပျိုးရာတွင် အလေအလွင့် ပျက်စီးမှုနည်းပါးကြောင်း တွေ့ရသည်။ မြေကွက်တွင် စတင်စိုက်ပျိုးချိန်မှ ပန်းပွင့်သည်ထိ တစ်လခွဲခန့် ကြာမြင့်ပါသည်။ ပဲသီးပေါ်ချိန်တွင် ဈေးကောင်းရလျှင် တစ်တောင့်ကို (၅၀)ထိ ရောင်းရပါသည်။ ပဲသီးကို ကြော်၍ စားရသလို ပြုတ်၍လည်းစားသုံးကြသည်။ တိုင်ထောင်ပဲသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း တွေ့ရသည်။ ထိုအကြောင်းအရာများသည် နတ်တလင်းဒေသထွက် တိုင်ထောင်ပဲသီး အကြောင်းများပင် ဖြစ်ပါတော့သည်။