Main menu

တောင်ကိုရီယားနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ ပြည်ပပို့ကုန်များ ဇူလိုင်လတွင် မြင့်တက်လာ

Powered by Drupal

    တောင်ကိုရီယားနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ (ICT) ပြည်ပပို့ကုန်များသည် semiconductor ၀ယ်လိုအားမြင့်တက်နေမှုများကြောင့် ၅ လဆက်တိုက် မြင့်တက်လျက်ရှိကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင်ထုတ်ပြန်သော အစိုးရထုတ်ပြန်ချက်များအရ သိရပါသည်။ ICT ထုတ်ကုန်ပို့‌ဆောင်မှု များသည် ၂၀၂၅ခုနှစ်အစောပိုင်းကာလမှစ၍ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၂၂.၀၃ ဘီလီယံခန့် ၄.၇ ရာခိုင်နှုန်ခန့်တိုးမြင့်လာပြီး အဆိုပါတိုးမြင့်လာမှုအား ထိန်းသိမ်းထားလျက် ရှိကြောင်း ကုန်သွယ်ရေး၀န်ကြီးဌာန နှင့် စက်မှုလက်မှုနှင့် စွမ်းအင်၀န်ကြီး ဌာနတို့၏ သတင်းအချက်အလက်များအရ သိရပါသည်။ ချစ်ပ်ပြားပြည်ပပို့ကုန်များသည် AI ချစ်ပ် ဆက်များ (chipsets) အသုံးပြုသည့် high-endထုတ်ကုန်များ ၀ယ်လိုမှုမြင့်တက်လာခြင်းကြောင့် ဒေါ်လာ ၁၄.၉၈ ဘီလီယံခန့် ၁၁.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ကွန်ပျူတာနှင့် ကွန်ပျူတာအပိုပစ္စည်း ပို့ဆောင်မှုများသည် အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံခန့် ၁၂.၇ ရာခိုင် နှုန်း တစ်ဟုန်ထိုးမြင့်တက်လျက်ရှိပြီး ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ ပြည်ပပို့ကုန်များသည် ဒေါ်လာ ၂၀၀ သန်းခန့် ၀.၇ ရာခိုင်နှုန် လျော့နည်းသွားကြောင်း သိရပါသည်။ display panel ပို့ဆောင်မှုများသည် ၁.၂၉ ဘီလီယံဒေါ်လာ ၃၃.၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး မိုဘိုင်းဖုန်း ပြည်ပ ပို့ ကုန်များသည် ဒေါ်လာ ၇၉၀ သန်းခန့် ၆.၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရပါသည်။ ICT ထုတ်ကုန် တင်သွင်းမှုများသည် ယခင်နှစ်ထက် ဒေါ်လာ ၁၂.၄၁ ဘီလီယံခန့် ၁၄ ရာခိုင်နှုန်းမြင့် တက်လျက်ရှိပြီး ICT လုပ်ငန်း၏ ရောင်း၀ယ်မှုတွင် ဒေါ်လာ ၉.၆၂ ဘီလီယံခန့် ရှိလာကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ချစ်ပ်ပြားနှင့် မိုဘိုင်းဖုန်းတင်သွင်းမှုများသည် နှစ်ဆ မြင့်တက်လျက်ရှိပြီး ကွန်ပျူတာနှင့် ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ တင်သွင်းမှုများသည် ယခင် လထက် ၂ဆ ကျဆင်းသွားကြောင်း သိရပါသည်။

Source: Xinhua                                                                                  

 DOCA(ရန်ကုန်)