
Filinvest Development Corp. (FDC) သည် ၎င်းကုမ္ပဏီ၏ အိမ်ခြံမြေ၊ စွမ်းအင်နှင့် ဆေးရုံ လုပ်ငန်းများချဲ့ထွင်ရေးအတွက် အားဖြည့်ရန် ယခင်နှစ်အတွင်း မြို့ပြ အသုံးစရိတ် ပီဆို ၂၄ ဘီလီ ယံခန့် ချမှတ်ခဲ့ကြောင်း သိရပါသည်။ FDC ၏ ဘဏ္ဍာရေးအရာရှိအကြီးအကဲ Ven Christian Guce က ၎င်းတို့၏ ၂၀၂၅ခုနှစ်အတွက် မြို့ပြအသုံးစရိတ်(capex)ဘတ်ဂျက်ကို ယခင်နှစ်ထက် ပီဆို ၂၀ ဘီလီယံခန့် ၂၀ ရာခိုင်နှုန်း မြှင့်တင်ခဲ့ကြောင်း သိရပါသည်။ Guce က ယခုနှစ်အတွက် ၎င်းတို့၏ မြို့ပြအသုံးစရိတ် ၄၇ ရာခိုင်နှုန်းခန့်ကို အဆိုပါကုမ္ပဏီ၏ အိမ်ခြံမြေရင်းနှီမြှုပ်နှံမှု စီမံကိန်း ချဲ့ထွင် ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောခဲ့ပါသည်။ ၎င်းက အဆိုပါစီမံကိန်းသည် စတင် လုပ်ဆောင်နေပြီး အဆုံးသတ်တော့မည်ဖြစ်ကြောင်း ပြောခဲ့ပါသည်။ Guce က ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းခန့်ကို ကုမ္ပဏီ၏ တစ်ခြားကဏ္ဍများဖြစ်သည့် ဟိုတယ်နှင့် စွမ်းအင်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်ရေးတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက ဘတ်ဂျက်၏ ၁၀ ရာခိုင်နှုန်းခန့်ကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် လုပ်ငန်းလည်ပတ်မှုကို အားကောင်းစေနိုင်သည့် ရှယ်ယာ၀န်ဆောင်မှုအဖွဲ့အစည်များအတွက် ရင်းနှီမြှုပ်နှံမှုများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။
Source: Philstar
DOCA(ရန်ကုန်)