Main menu

ဇွန်လတွင်စံချိန်တင်လျှပ်စစ်ကားအစီးရေ ၁၁၀၀၀ ကျော်ရောင်းချနိုင်ခဲ့သည့် VinFast

Powered by Drupal

     VinFast  သည် ၂၀၂၅ ခုနှစ် ဇွန်လတွင် ဗီယက်နမ်ပြည်တွင်းဈေးကွက်၌ လျှပ်စစ်ကား အစီးရေ ၁၁၃၈၂ စီးရောင်းချခဲ့ရကြောင်း သိရပါသည်။ ထို့ကြောင့် ၎င်းတို့သည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် စုစုပေါင်းရောင်းချရမှုမှာ အစီးရေ ၆၇၅၆၉ စီးထိရောက်ရှိခဲ့ပြီဖြစ်ပြီး ဗီယက်နမ် မော်တော်ကားလုပ်ငန်းနယ်ပယ်တွင် ၆ လတာကာလအမြင့်မားဆုံးရောင်းချရမှုနှုန်းဖြစ်ကြောင်း သိရပါသည်။ VF 3 လျှပ်စစ်ကားအသေးစားသည် အစီးရေ ၃၆၆၇ စီးဖြင့် ဇွန်လတွင် လျှပ်စစ်ကား ရောင်းချရမှု၌ ထိပ်ဆုံးတွင်ဦးဆောင်ခဲ့ပြီး ၎င်း၏နောက်တွင် VF 5 ကအစီးရေ ၃၀၆၀ စီးဖြင့် ရပ်တည်နေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်ပထမနှစ်ဝက်အတွက်  VF 3 နှင့် VF 5 ရောင်းချရမှု မှာ အစီးရေ ၂၃၀၈၃ စီးနှင့် ၂၁၈၁၂ စီး အသီးသီးရှိပြီး ဗီယက်နမ်၏ရောင်းအားအကောင်းဆုံး လျှပ်စစ်ကားများအဖြစ်ရပ်တည်နေကြောင်း သိရပါသည်။ အခြားမော်ဒယ်များရောင်းချရမှုမှာ လည်း အားကောင်းသောစွမ်းရည်ကိုပြသခဲ့ကြောင်း သိရပါသည်။ ဇွန်လတွင် VF 6 မော်ဒယ်မှာ အစီးရေ ၁၂၄၅ စီးနှင့် VF 7 SUV မှာ အစီးရေ ၇၂၅ စီးရောင်းချခဲ့ရကြောင်း သိရပါသည်။ ၎င်းတို့၏ ၆ လတာ ကာလစုစုပေါင်းရောင်းချရမှုမှာ အစီးရေ ၈၅၅၂ စီးနှင့် ၃၅၈၆ စီးရှိကြောင်း သိရပါသည်။ ထုတ်ကုန်များတိုးချဲ့ခြင်းအပြင် VinFast သည် ၎င်းတို့၏ထုတ်လုပ်မှုစွမ်းရည်ကို အရှိန်မြှင်တင် လျှက်ရှိကြောင်း သိရပါသည်။ ဇွန်လတွင် VinFast သည် ၎င်းတို့၏ ဒုတိယမြောက် လျှပ်စစ်ကား ထုတ်လုပ်သည့်စက်ရုံကို Vung Ang စီးပွားရေးဇုန်တွင် ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပသို့တင်ပို့ ရန်အတွက် အသေးစားမော်ဒယ်များကို ထုတ်လုပ်သွားမည်ဟု သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)