
၂၀၂၅ ခုနှစ် ဇွန်လတွင် ဗီယက်နမ်မော်တော်ကားထုတ်လုပ်သူများအသင်း (VAMA) ၏ စုစုပေါင်းကားရောင်းချရမှုအရေအတွက်မှာ အစီးရေ ၃၁၉၇၇ စီး ရောက်ရှိခဲ့ပြီး မေလထက် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ၂၀၂၄ ခုနှစ် ဇွန်လနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Passenger car များမှာ အစီးရေ ၂၂၉၃၄ စီးဖြင့် အများဆုံးရောင်းချခဲ့ရပြီး မေလ ထက် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် commercial မော်တော်ကားရောင်းချရမှုမှာ အစီးရေ ၈၇၈၂ စီး( ၂ ရာခိုင်နှုန်းကျဆင်း) နှင့် specialized မော်တော်ကားများရောင်းချရမှုမှာ အစီးရေ ၂၆၁ စီးဖြင့် ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်ကားရောင်းချရမှုမှာ ၁၄၃၅၅ စီးဖြင့် မေလထက် ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းလာသည့်ကားရောင်းချရမှုမှာ အစီးရေ ၁၇၆၂၂ စီးဖြင့် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတွင် စုစုပေါင်းကား ရောင်းချရမှုမှာ အစီးရေ ၁၆၃၀၂၁ စီးဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုစုစုပေါင်းပမာဏထဲမှ passenger ကားများရောင်းချရမှုမှာ ၂၀၂၄ ခုနှစ် ပထမ ၆ လနှင့်နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း၊ commercial ကားများရောင်းချရမှုမှာ ၂၈ ရာခိုင်နှုန်းနှင့် specialized ကားများ ရောင်းချရမှုမှာ ၂၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ယခုနှစ် ပထမ ၆ လတာကာလ ပြည်တွင်း၌ထုတ်လုပ်တပ်ဆင်သည့်ကားရောင်းချရမှုမှာ အစီးရေ ၇၇၁၁၉ စီးဖြင့် ၁၃ ရာခိုင်နှုန်းနှင့် တင်သွင်းသည့်ကားရောင်းချရမှုမှာ အစီးရေ ၈၅၀၉၂ စီးဖြင့် ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)