
၂၀၂၅ ခုနှစ်၏ ပထမ ၆ လတွင် ဗီယက်နမ်၏ Bac Ninh ပြည်နယ်သည် နိုင်ငံတစ်ဝှမ်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ဒုတိယအများဆုံးရရှိခဲ့ကြောင်း သိရပါသည်။ ပြည်နယ် ပြည်သူ့ကော်မတီ၏အဆိုအရ ယခုနှစ်အစမှစ၍ ပြည်နယ်သို့စုစုပေါင်းရင်းနှီးမြှုပ်နှံမှု မတည်ငွေ ရရှိမှုမှာ ခန့်မှန်းအမေရိကန်ဒေါ်လာ ၁၂.၀၄ ဘီလီယံရှိကြောင်း သိရပါသည်။ ထိုပမာဏထဲမှ အမေရိကန် ဒေါ်လာ ၉၄၃.၇ သန်းမှာ လိုင်စင်သစ် FDI ၁၈၆ ခုမှရရှိခြင်းဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂.၄၃ ဘီလီယံမှာ မတည်ငွေထပ်တိုးသည့်စီမံကိန်း ၁၄၁ ခုမှဖြစ်ကာ လက်ကျန်တန်ဖိုးမှာ အသစ်နှင့် တည်ရှိပြီး ပြည်တွင်းစီမံကိန်းများမှဖြစ်ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းကဏ္ဍတို့၏မောင်းနှင်အားကြောင့် ပြည်နယ်၏စက်မှုကုန်ထုတ်လုပ်မှုမှာ ယခု နှစ်အစမှစ၍ ကြီးထွားမှုရှိခဲ့ကြောင်း သိရပါသည်။ Bac Ninh သည်ပြည်တွင်းနှင့် ပြည်ပ ရင်းနှီး မြှုပ်နှံသူများ အထူးသဖြင့် အီလတ်ထရောနစ်အစိတ်အပိုင်းထုတ်လုပ်ခြင်းတို့တွင် ဆွဲဆောင်မှု အားကောင်းခဲ့ကြောင်း သိရပါသည်။ ပြည်နယ်၏စုစုပေါင်းစက်မှုကုန်ထုတ်လုပ်မှုတန်ဖိုးမှာ ခန့်မှန်းဗီယက်နမ်ဒေါင် ၁၅၆.၃ ထရီလီယံ ရှိကြောင်း သိရပါသည်။ စမတ်ဖုန်းများ၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးသံနှင့် စတီးလ်ထုတ်လုပ်မှုမှာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအပေါင်းလက္ခဏာဆောင်သောရလဒ်များသည် အလုံးစုံ နိုင်ငံရေးစနစ်နှင့် ထိရောက်သောရင်းနှီးမြှုပ်နှံမှုဆွဲဆောင်သည့်မူဝါဒများကြောင့် ဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်သည်၎င်းတို့၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တိုးတက်ရန်၊ စက်မှု ဆိုင်ရာအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရန်၊ အုပ်ချုပ်မှုပြင်ဆင်ဖွဲ့စည်းရန်၊ နည်းပညာမြင့် လုပ်ငန်းများကိုပံ့ပိုးပေးရန်နှင့် ပြည်တွင်းနှင့်ပြည်ပနှစ်ခုလုံးတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် အားကောင်းသောခြေလှမ်းများချမှတ်လျက်ရှိကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)