Main menu

ဘရာဇီး၏စိုက်ပျိုးရေးနည်းပညာအောင်မြင်မှုကိုလေ့လာမည့်အင်ဒိုနီးရှား

Powered by Drupal

   အင်ဒိုနီးရှားသမ္မတ Prabowo Subianto က စိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ခေတ်နှင့်အညီကျင့်သုံးမှုနှင့် နည်းပညာတို့ကိုလေ့လာရန်အတွက် ကျွမ်းကျင်ပညာရှင်များပါဝင် သောအုပ်စုကို ဘရာဇီးသို့စေလွှတ်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့ပါသည်။ Prabowo က ဘရာဇီးသမ္မတ Lula နှင့် ဝန်ကြီးများသည် လေ့လာရန်အတွက်နည်းစနစ်အဖွဲ့စေလွှတ်မည့် ၎င်း၏ တောင်းဆိုချက်ကို ခွင့်ပြုခဲ့ကြောင်း ဘရာဇီးသမ္မတနန်းတော်တွင် ဇူလိုင်လ ၉ ရက်နေ့က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ Prabowo က ဘရာဇီးသည် ဘိုင်အိုလောင်စာသုံးစွဲမှုနှင့် ထုတ်လုပ်မှုတို့ပါဝင်သည့် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုတွင် ကမ္ဘာ့ဦးဆောင်သူဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် ဘရာဇီး၏အတွေ့အကြုံမှ သင်ယူခြင်းအားဖြင့်ကြီးမားသောအကျိုးကျေးဇူးရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံသည် စိုက်ပျိုးရေးနည်းပညာတွင် ပူးတွဲသုတေသနပြုလုပ်ရန်အတွက် အခွင့်အလမ်းများကို ရှာဖွေ လျှက်ရှိကြောင်း သိရပါသည်။ Prabowo က အစားအစာဖူလုံရေးနှင့် ကိုယ်တိုင်ထုတ်လုပ်ဖူလုံရေးသည် နိုင်ငံ၏ဦးစားပေးဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားသည်ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အခမဲ့အစားအစာပရိုဂရမ်ပါဝင်သည့် များစွာသောဘရာဇီးပရိုဂရမ်များကို စိတ်ဝင်စားလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားအစိုးရသည် ယခုနှစ် ကုန်မှစ၍ တစ်ရက်လျှင်အစားအစာ ၈၂.၉ သန်းပံ့ပိုးပေးရန်ရည်ရွယ်ထားထားကြောင်း သိရပါသည်။ စိုက်ပျိုးရေးကဏ္ဍအပြင် Prabowo ကစွမ်းအင်အသွင်ကူးပြောင်းမှုကဏ္ဍအပေါ် အမြင်ကိုဝေမျှခဲ့ ပြီး နိုင်ငံသည် လာမည့်ဆယ်စုနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)