Main menu

AI နှင့် ဆီမီးကွန်ဒတ်တာကဏ္ဍများအရှိန်မြှင့်တင်ရန် အင်ဒိုနီးရှားဝန်ကြီးဌာနများပူးပေါင်း

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန တို့သည် စက်မှုကဏ္ဍတွင် AI နည်းပညာအသုံးပြုခြင်းနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အရှိန် မြှင့်တင်ခြင်းမှတစ်ဆင့် စီးပွားရေးကြီးထွားနှုန်း ၈ ရာခိုင်နှုန်းရရှိရန် အစိုးရ၏ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အတူတကွလုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာ ဒုတိယဝန်ကြီး Nezar Patri က ဝန်ကြီးဌာန ၂ ခုကြား ထိုအားကောင်းသော ပူးပေါင်းဆောင်ရွက်မှုသည် အင်ဒိုနီးရှား၏ AI လုပ်ငန်းနယ်ပယ်အတွက် အခြေခံအဆောက်အအုံ တည်ထောင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ‌Batam တွင်ကျင်းပပြုလုပ်ခဲ့သည့် AI လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပေါ်ဆွေးနွေးပွဲတွင် Patri က ဆီမီးကွန်ဒတ်တာများသည် AI ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အတွက် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် ဒစ်ဂျစ်တယ်ကျွမ်းကျင်သူ ၁၂ သန်းထုတ်လုပ်မည့်ရည်မှန်းချက်၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် ဆက်သွယ်‌ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာနသည် လုပ်ငန်းနယ်ပယ် မိတ်ဖက်များနှင့်ပူးပေါင်း၍ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးပရိုဂရမ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် စက်မှု ဒုတိယဝန်ကြီး Faisol Riza က တက္ကသိုလ်ကျောင်းများနှင့် လုပ်ငန်းနယ်ပယ်မှကျွမ်းကျင်သူများနှင့် ညှိနှိုင်းဆွေးနွေး၍ AI ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျယ်ပြန့်သောလမ်းပြမြေပုံဖန်တီးရန်လိုအပ်ကြောင်းနှင့် ထိုလမ်းပြမြေပုံ သည် ၎င်းတို့အားရှေ့သို့ဆက်လှမ်းနိုင်ရန် ထိန်းကျောင်းပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)