
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ သည်(၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ရဲဖြတ်လမ်း၊ မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင် အသင်းသားများအား အသင်းဖွဲ့စည်းခြင်းနှင့် အသိပညာပေးဟောပြော ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းတာဝန်များအကြောင်း၊ ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းကာလအတွက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည် ဖွဲ့စည်းဆာင်ရွက်သွားမည် ဖြစ်ကြောင်း၊ အသင်းပြန်လည်ဖွဲ့စည်းရာတွင် မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များမှ အများပြည်သူယုံကြည် လေးစားသော အသင်းဝင်ဆန်စက်လုပ်ငန်းရှင်အား ဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခြင်းနှင့် အမှုဆောင် အဖွဲ့ဝင်အသစ်များအား အဆိုပြုရွေးချယ်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင် အသင်း ဥက္ကဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့အား အဆိုပြု ရွေးချယ် ခဲ့ကြ ပြီး အသင်းအဖွဲ့ဝင်များအားလုံး စည်းလုံးစွာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လိုက်နာရမည့် စည်းကမ်းများ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ရေရှည်တည်တံ့ပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် တရားမျှတပြီး ဖြောင့်မတ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ကြစေရန် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး နံနက် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)