
ဗီယက်နမ်-ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် ဟိုချီမင်းမြို့ရှိ နိုင်ငံတကာ ပေါင်းစည်းမှုပံ့ပိုးကူညီရေး ဗဟိုဌာနသည် စက်မှုနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဌာန နှင့်ညှိနှိုင်းကာ Vietnam–Cambodia business networking conference 2025 အား ၇-၅-၂၀၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် လက်ခံကျင်းပသွားမည်ဖြစ်သည်။ ပွဲစီစဉ်သူများ၏ ပြောကြားချက်များအရ ညီလာခံသည် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များကြား တိုက်ရိုက်ချိတ်ဆက်မှုအားကောင်းစေရန် ရည်ရွယ်ပြီး သတင်းစကားဖလှယ်ရေးမြှင့်တင်ရန်၊ အလားအလာကောင်းသော စီးပွားရေးမိတ်ဖက်များ ရှာဖွေရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန်ကြိုးပမ်းထားကြောင်း သိရသည်။ အဆိုပါပွဲသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များကိုပြသရန်၊ ကမ္ဘောဒီးယားရှိ စားသုံးသူခေတ်ရေစီးကြောင်းကို ဆုပ်ကိုင်ရန်နှင့် ပိုမိုထိရောက်သော ဈေးကွက်ဗျူဟာများ ဖော်ဆောင်ရန် အခွင့်အရေးတစ်ခုပေးမည်ဖြစ်သည်။
Source: Khmer Times
DOCA(ရန်ကုန်)