
အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို (၁၀-၇-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက မအူပင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့်သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့မှ မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
မအူပင်မြို့နယ် စျေးကွက်အတွင်း ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ၊သက်ဆိုင်ရာ ဌာနများက ကန့်သတ် တားမြစ်ထားသည့် မုန့်များရောင်းချခြင်းရှိ/ မရှိ၊စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချနေမှုရှိ/ မရှိတို့အား စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ အသီးသီးတို့မှ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)